*** ဒီ Blog လေးကို  လာရောက် လည်ပတ် သူအပေါင်း စိတ်ချမ်းသာစွာဖြင့် မိမိရဲ့အချိန်လေးအား ဒီ blog လေးဖတ်ရှု့မိခြင်းမှ တခဏတာ ဖြစ်ဖြစ်ပြုံးပျော်နိုင်ကြပါစေ*** အဆင်မပြေမှု့ရှိခဲ့သော် e-mail လိပ်စာ htuthtutlin2006@gmail.comကိုဆက်သွယ် နိုင်ပါတယ် ၊ပျော်ရွှင်နိုင်ကြပါစေ..

Monday, September 10, 2012



အဲ့ဒီအချိန်ထိ


        မိန်းခလေးတစ်ယောက်သည် သူမ၏မိခင်ဖြစ်သူထံဖုန်းဆက်ရင်း ဖုံးထဲမှာငိုရင်းပြောလေသည်။ အမေရေ ကျွန်မယောကျာင်္းကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ သူစိတ်ထားကတော်တော် ဆိုးတယ် ၊ သမီးကိုကြောက်လန့် တုန်ရီအောင်လုပ်တယ် ၊ သမီးအခု အတော်လေးပိန်ကျသွားပြီ။

 အမေဖြစ်သူက မကျေမနပ်နှင့် ဒါဆိုလည်းသမီးသူ့ကို ထားခဲ့ပါတော့လားဟုပြောလေသည်။

သမီးကွာမယ်သူ့ကိုမပေါင်းတော့ဘူး ၊ ဒါပေမယ့် သမီးရဲ့ ပေါင်ချိန် (၁၂၀) ဖြစ်သွားတဲ့အထိ
 စောင့်နေတာပါ။ 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Monday, September 3, 2012

ဒါပါ နာတယ်


**********************************************************************************


         လူနာက ဆရာဝန်အားပြောလေသည် ဆရာ..ကျွှန်တော် လက်မောင်းနာနေတယ်ဆရာ။ ဗိုက်ကလည်း နာနေတယ်၊ ခြေတောက် ကလည်းနာနေတယ်၊ လည်ပင်းရော..ပုခုံးရော နာနေတယ်။

                  ဆရာဝန်က ခေါင်းညိတ်ရင်း ပြန်ပြောလေသည်။ ကျွှန်တော် စစ်ဆေးကြည့်ပေးမယ် ။ ကျွှန်တော် စစ်ဆေးကြည့်နေတုန်း စိတ်ကို လျှော့ထားပါဗျာ။ ဆရာဝန်သည် တူသေးသေးလေး တစ်ချောင်းယူ၍ လူနာ၏ တုံပြန်မှု့ရှိမရှိ စမ်းသပ်ရန် ဒူးခေါင်းကိုအသာ ထုနှက်လိုက်၏။

အခု…ဘယ့်နဲ့နေလဲ ဟု့မေးလိုက်လေသည်။

လူနာက ညည်းတွားရင်း အခု…ဒူးခေါင်းပါ နာလာပြီ ဆရာ ဟုဖြေလိုက်လေတော့သည်။

**********************************************************************************


Tuesday, August 28, 2012

ရှိမှ မရှိတာ



******************************************************************

တရားဟောဆရာက ပရိသတ်အားကြည့်ပြီးပြောလိုက်တာက " ညီတော် နောင်တော်များ၊ အမတော်နှမတော်များ ခင်ဗျား။ ဒီနေ့ဟောမယ့် တရားတော်ကတော့ " လူလိမ်လူညာများ" အကြောင်းပဲဖြစ်ပါတယ် ။ ကိုကားဟောကြားမှာကတော့ မတ်သရူးကျမ်း၊ အခန်း သုံးဆယ်၊ အပိုဒ် ငါး ကဖြစ်ပါတယ် ။  ဒါနဲ့ပတ်သက်ပြီး သိဖူးကြားဖူးပြီးသားဖြစ်တဲ့လူ ဘယ်နှစ်ယောက်များရှိပါသလဲ။ 

တရားဟောဆရာက လှည့်ပတ်ကြည့်ရှု့ရာ သူ့ရှေ့ရှိ လူဦးရေတစ်ဝက်မျှမက လက်ထောင်ပြထားကြလေသည် ။ ထိုအခါ တရားဟောဆရာကပြောဆိုလိုက်သည်မှာ " ကျုပ် တရားကိုဟောပြောပြချင်နေတာ ခင်ဗျားတို့ကိုပါပဲ။ မက်သရူးကျမ်းမှာ " အခန်း သုံးဆယ်၊ အပိုဒ် ငါး ဆိုတာ ရှိမနေပါဘူး ။ ။





(ဇင်အေး၏ နှစ်သက်စရာ ဟာသများအထဲကဖြစ်ပါတယ်)

Monday, August 20, 2012

ဟိဟိ


( FaceBook ဟာသကျေးရွာကနေယူတင်ထားတဲ့ပုံဖြစ်ပါတယ် ) သူ့ရဲ့ link ကတော့ အောက်မှာပါ။
(https://www.facebook.com/photo.php?fbid=500107480003222&set=a.277843272229645.85587.277508405596465&type=1&theater)

ဖေဖေရှင့်..








သူ့ရဲ link က ဒီမှာပါ ( https://www.facebook.com/photo.php?fbid=503921389621831&set=a.277843272229645.85587.277508405596465&type=1&theater)

ဟေ့ကောင်...